| လမ်းပေါ်မှာကျ - နားခဲ့ရတဲ့ ငှက်ငယ် |
![]() အဲဒီနေ့က မိတ်ဆွေများနှင့် ဆုံတွေ့ရန် နှလုံးသား ဒိုင်ယာရီ အကြောင်း ဆွေးနွေးဖို့ အဆန်လမ်း ကားတွေကို သူ မမုန်းတတ်ပါဘူး ၊ လမ်းပေါ်မှာ အရှိန်ပြင်းပြင်း ဒေါသတွေကို သွန်ချခဲ့ပါသလား လမ်းက သူ့သွေးကို အလှူမခံပဲ ပေကျံခဲ့ အပြုံးနဲ့ ဖေးမ ကျင်လည်ခဲ့သောနေရာ အများအတွက် စီးဆင်းစေခဲ့သော အသွေးလှူသူ ဖရောင်းတိုင်ကို တည့်တည့် စိုက်ချင်တဲ့ လူ သူ့ကို ဖြည်ဆည်းနိုင်ရန် အော်ခေါ်နေကြပါတယ် ထားခဲ့ ၊ ထွက်သွား ၊ တစ်ယောက်ထဲပါလား ကမ္ဘာကို ငါးပတ်ကျော်နိုင်တဲ့ ခြေလှမ်းတွေ အစား ဒသမ ဖြစ်အောင် ဘယ်အချိုးက ပိုင်းခဲ့တာလဲ တရုတ် ၊ ချီလီ ၊ တာလေ ၊ ကတ်ထရီနာ နာဂစ် ၊ ဂီရိ ၊ အင်ဒိုနီးရှား ၊ ဂျပန် ဘယ်ငလျင် ၊ ဘယ်မုန်တိုင်း ၊ ဘယ်ဆူနာမီ လှိုင်းတွေမှာ ဘယ်လို အနုမြူ ပင်နယံ ကြိတ်ဝါးလို့ ရိုင်းခဲ့ရတာလဲ ပညာ ဖွံ့ဖြိုးမှုတွေက ရက်စက်တတ်ပါသလား ဂျယ်လီ အနာဂတ်ဟာ လမ်းပေါ်မှာ အရည်ပျော်လို့ ... ... ။ ငြိမ်းစိုးဦး |

No comments:
Post a Comment