မောင့်ငယ်ဖော်မှနွေးထွေးစွာကြိုဆိုပါ၏...WARMELY WELCOME TO HTTP://WWW.MGNGELPHAW.BLOGSPOT.COM

Monday, August 30, 2010

မိုးဖွေးတွေကြားမှာပျော်ခဲ.ဘူးတယ်

မိုးစက်လေးတွေတစ်ဖွဲဖွဲကျနေတဲ့ နံနက်ခင်းလေးမှာ တစုံတယောက်ကို သတိရနေမိနေသလို ဖြစ်မိတာ အငြိုးနဲ့ရွာနေတဲ့ မိုးစက်တွေကြောင့်လား——–မိုးစက်တွေကြောင့်ပဲဖြစ်ဖြစ် ကျွန်မရဲ့စိတ်က သူ့အလိုလို သတိရမိတာပဲဖြစ်စေဦးတော့ သတိရမှုဟာ ဘာအရောင်မှဆိုးမထားခဲ့တဲ့ ဖြူစင်တဲ့သတိရမှုလေးပဲ ဖြစ်မှာပါ———————–

ဒါပေမယ့် အိမ်မက်ဆန်တဲ့ ကျွန်မပိုင်ဆိုင်ခဲ့ဖူးတဲ့ဘဝလေးကနေ အားလုံးနေသားတကျ ပုံမှန်ဖြစ်သွားပြီဆိုတဲ့ အတွေးလေးတစ တိုးဝင်လာတဲ့အချိန်လေးမှာပဲ ကျွန်မရင်ထဲတစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရပြန်တယ်—————

ကျွန်မလေ စကားလုံး ၃လုံးပဲပါတဲ့ စကားစုတစ်စုကို အရမ်းကြောက်မိတယ်— အဲဒီ့စကားစုလေးက သံယောဇဉ်တဲ့——– ကျွန်မအတွက်ကတော့ သံယောဇဉ်ဆိုတာ တခါတလေမှာ ပျော်ရွှင်မှုတွေကို ပေးတတ်သလိုပဲ ဝန်ထုတ်ဝန်ပိုးတွေ၊ ချည်နှောင်မှုတွေနဲ့ နောက်ဆုံးမှာတော့ စိတ်မချမ်းမြေ့စရာတွေလည်း ပေးတတ်တယ်လို့ထင်မြင်မိတယ်။ ဒါပေမယ့် သံယောဇဉ်ဆိုတဲ့ နှောင်ဖွဲ့မှုထဲမှာ ကျွန်မ မသိလိုက် မသိသလိုလေးနဲ့ အချုပ်နှောင်ခံခဲ့ပြီး ကျွန်မကိုယ်တိုင် ရုန်းထွက်ဖို့လည်း မကြိုးစားမိခဲ့ဘူးလေ——-

ကျွန်မနာမည်က ရောင်စဉ်ချို ——-ကျွန်မမှာ ပျော်ရွှင်မှုတွေနဲ့အတူ ဝမ်းနည်းမှုတွေကို အမြဲပေးတတ်တဲ့ ကျွန်မသိပ်ချစ်ရတဲ့ ချစ်သူ တစ်ယောက်ရှိတယ် ကျွန်မအတွက် သူ့နဲ့ချစ်သူတွေဖြစ်ရတာက ပျော်ရွှင်မှုဆိုရင် ဝမ်းနည်းမှုတွေပေးတာက သူ့ရဲ့ အတ္တတွေပေါ့———–

ချစ်သူတစ်ယောက်ကို စိတ်ထိခိုက်စေတဲ့စကားလုံးတွေက ဘာလဲဆိုတာ သူမသိဘူး၊ ဂရုစိုက်မှုဆိုတဲ့ အနက်အဓိပ္ပါယ်ကိုသူ သေချာမသိဘူး။ ကျွန်မစိတ်ကောက်ရင် ဘယ်လိုချော့ရမယ်ဆိုတာ မကျွမ်းကျင်ဘူး၊ အမြဲတမ်းအချိန်နောက်ကျတတ်တဲ့ကျွန်မကို သူစိတ်မရှည်ဘူး၊ ကျွန်မကို ချစ်စရာကောင်းတဲ့ အရုပ်တရုပ်လိုပဲ သဘောထားတယ်၊ အလုပ်အရမ်း ရှုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တခါတလေ ကျွန်မရဲ့စိတ်ခံစားမှုတွေကို သူလျစ်လျူရှု့ ထားတတ်သေးတယ်။ ဒါပေမယ့် ရောဂါသည်ကျွန်မကို ဆေးမှန်မှန်သောက်ဖို့တော့ သူတတ်နိုင်သလောက်သတိပေးရှာပါတယ်။ သူကျွန်မကို ချစ်မှာပါဆိုတဲ့ အတွေးလေးနဲ့ပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လို့ပဲ ပြောရမလားမသိဘူး ကျွန်မတို့ရဲ့ချစ်သူသက်တမ်းလေး တနှစ်ပြည့်ခဲ့တယ်။ အဲဒီ့အချိန်လေးမှာပဲ ကျွန်မဘဝမှာ တခါမှမရဘူးတဲ့ခံစားမှုတွေကို ပေးနိုင်တဲ့ ဝက်ဝံလေး (Teddylay) လို့ ကျွန်မ နာမည်ပေးထားတဲ့ ကောင်လေး တစ်ယောက် ကျွန်မဘဝထဲကို ရောက်ရှိလာခဲ့တယ်—-

မှတ်မှတ်ရရပါပဲ——- ကျွန်မချစ်သူနဲ့ စိတ်ကောက်ပြီး ကျွန်မချစ်သူကျွန်မကို အဆက်အသွယ်ဖြတ်ထားတဲ့ အချိန်လေးမှာပဲ teddylay လေးနဲ့ ကျွန်မသိကျွမ်းခဲ့ရတယ်။ ကျွန်မကို ချစ်တယ်ဆိုတဲ့စကား သူပြောလာတော့ မဖြစ်နိုင်တဲ့ အခြေအနေ တွေကြောင့် ကျွန်မမှာချစ်သူရှိတဲ့အကြောင်း ပြောခဲ့ပေမယ့် ကျွန်မကြောင့် သူ့ရဲ့ အနာဂတ်ပျက်စီးသွားမှာ မလိုလားတာရယ် နောက်တစ်ခုက ကျွန်မရဲ့အတ္ကကြောင့်ဖြစ်မယ်ထင်တယ် သူနဲ့ကျွန်မကြားက သံယောဇဉ်ကို ကျွန်မမဖြတ်နိုင်ခဲ့ဘူး။ ကျွန်မ စောင့်စားနေတဲ့နေ့တနေ့ရှိတယ် အဲဒီ့နေ့လေးက——–တနေ့နေ့မှာ သူက ကျွန်မ မဟုတ်တဲ့တခြား မိန်းကလေးတစ်ယောက်ကို နှစ်သက်သွားတဲ့နေ့ပေါ့။ သူ့အပေါ်မှာ တခါတခါ အနိုင်ယူသလိုဖြစ်ခဲ့တယ်။ ကျွန်မ ချစ်သူနဲ့အဆင်မပြေရင် ကျွန်မ သူ့ကို အကြောင်းမရှိအကြောင်းရှာပြီး ပြသာနာရှာတယ်။ စိတ်မကျေနပ်မှုတွေအကုန်လုံး သူ့အပေါ်ပုံချတယ်။ သူကတော့ ဘာမှမသိတဲ့ ကလေးတစ်ယောက်လို ကျွန်မရဲ့ဒေါသတွေကို ကျေနပ်လောက်အောင် ကုစားပေးခဲ့လို့ သူ့ကြောင့် ကျွန်မ ပျော်ရွှင်ခဲ့ဖူးပါတယ်—– —-ကျွန်မရဲ့လုပ်ရပ်တွေအားလုံးအတွက် သူအပါအဝင် အားလုံးက အမြင်လွဲကောင်းလွဲနိုင်တယ်။ အဲဒီ့အတွက် ကျွန်မ ဖြေရှင်းချက်မပေးလိုပါဘူး— သေချာတာတစ်ခုကတော့ သူ့ကို ထိခိုက်ပါစေဆိုတဲ့ စိတ်မျိုးကျွန်မမှာ နည်းနည်းမှမရှိတာပါပဲ ကျွန်မသူ့ရဲ့ အားနည်းချက်လေးတွေကို ပြင်ပေးချင်တယ်။ သူ့ဘဝလေး တိုးတက်သွားတာမြင်ချင်တယ်။ ကျွန်မ သူ့အပေါ်ထားတဲ့သံယောဇဉ်က ဖြူစင်တယ်ဆိုတာ —————

မနေ့က ကျွန်မစောင့်စားခဲ့တဲ့နေ့လေးတစ်နေ့ကို ရောက်ခဲ့ပြီလေ— ကျွန်မ ပါဝင်ခွင့်မရှိတဲ့ ဘဝလေးကို သူရွေးချယ်လျှောက်လှမ်းသွားခဲ့ပြီ—ကျွန်မလည်း သူပါဝင်ခွင့်မရှိတဲ့ သူနဲ့မတွေ့ခင်က ရောင်စဉ်ချိုဘဝလေးထဲကို ထပ်မံပြန်ရောက်သွားခဲ့ပါပြီ။ ကျွန်မအခုချိန်မှာ ကျေနပ်နေသင့်ပါတယ်— ကျွန်မတို့တတွေ ကိုယ့်နေရာအမှန်ကို ကိုယ်ပြန်ရောက်နေရပြီပဲလေနော်———

No comments:

Post a Comment