
ချစ်ရသူဆီမှာ
- တွေ့ချင်စိတ်ကို ဖြေဖျောက်
တွေ့ခွင့်မရတဲ့ ဒီသဘာဝတရားကို
ငါလက်ခံထားရတယ်။
- ဆန္ဒနဲ့ဘ၀ ကျောခိုင်းရာအရပ်မှာ
မင်းကိုချစ်တဲ့ ဆန္ဒခါးခါးကို
မြိုချနေတယ်။
- တကယ်ဆို ငါ့ရင်ခွင်ထဲက
အသည်းနှလုံးတစ်စုံက ချစ်ရသူဆီမှာ။
- ပန်းတစ်ခင်းကို တမြတ်တနိုးနဲ့ ပျိုးထားတယ်
တစ်ချိန်ကျရင် ပွင့်လန်းဝေဆာပြီး
ပိုင်ဆိုင်ခွင့်ရမယ့် တစ်နေ့ကို
မျှော်လင့်ရင်းနဲ့
ပန်းတွေပွင့်လာတော့လည်း
မခူးရက် မကိုင်ရက်
ဒါပေမယ့် ပန်းတွေကို ပိုင်ဆိုင်ဖို့ဆိုတာ
ချစ်ရသူဆီမှာ အဖြေရှိတယ်။
ဒီဇင်ဘာမိုး...
No comments:
Post a Comment